သံဖြူဇရပ် မေ ၁၇

 

မွန်ပြည်နယ် ကျိုက္ခမီမြို့၌ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျိုက္ခမီနယ်မြေရဲစခန်းမှ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက်ရှိ မြစိမ်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။

 

ဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးမြင့်က ကြီးကြပ်၍ ကျိုက္ခမီနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းကိုကိုနှင့် တာဝန်ရှိသူများက ရပ်ကွက်နေ ပြည်သူများအား မှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးရောင်းဝယ်သုံးစွဲမှုကြောင့် ဖြစ်ပွားနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများနှင့် အခြားသော မလိုလားအပ်သော ပြစ်မှုကြီးများမဖြစ်ပွားစေရေးကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောပြီး ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ မှုခင်းလျော့နည်း ကျဆင်းစေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)