မော်လမြိုင် ၁၁ ဇူလိုင်     

                                                         

မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်   ကျိုက္ခမီမြို့တွင်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီး၊ ရပ်ဝေးမှ  ရဟန်းရှင်လူ ပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုခွင့်ကို ဂေါပကအဖွဲ့မှ ဇူလိုင် ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းထားကြောင်း  သိရသည်၊၊

 

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ များပြားလာမှုကြောင့် လူစုလူဝေး  မဖြစ်ပေါ်စေရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများထားရှိရန် ကျိုက်က္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရား ပရိဝုဏ်အတွင်းရှိ အဆောက်အအုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်၊၊ 

 

ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီး၊ ရပ်ဝေး ဘုရားဖူးဧည့်သည်များ ပြန်လည်လာရောက် ဖူးမြော်ကြည်ညိုခွင့် ပြုမည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးဖိုးငြိမ်းထံမှ သိရသည်၊၊

 

ခရိုင်(ပြန်/ဆက်)

mdn