ကျိုက်လတ် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ကျင်းပလျက်ရှိရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာယိမ်း အကအဖွဲ့များနှင့် တေးဂီတအစီအစဉ်များကို အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံ ဖျော်ဖြေလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးခဲ့ကြသည်။ ထို့နောက် ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)