ကျိုက်လတ် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပထမနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပွဲတော်၌ ဌာနဆိုင်ရာပြခန်းများ၊ MSME ပြခန်း၊ ကာယ၊ ဉာဏပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ စာအုပ်အရောင်းဆိုင်များ၊ ဧည့်ခံဆိုင်းဝိုင်းတို့ ထည့်သွင်းကျင်းပရာ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ပြခန်းပြသထားရှိမှုနှင့် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်မှုတို့အား ဖျာပုံခရိုင် ပညာရေးမှူး ဦးဝင်းအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းနှင့် အဆိုပါပွဲတော်အား ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ (၂)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


