ကျိုက်လတ် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက ကျုံမငဲ့ကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျုံမငဲ့ကျေးရွာရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ (၁၀) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား (၁)၊ မ (၂) ဦး ပေါင်း (၃) ဦး၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၅) ဦး၊ မ (၁၄) ဦး ပေါင်း (၁၉) ဦး၊ (၁၀) နှစ်ပြည့်နှင့် (၁၈) နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား (၁၃) ဦး၊ မ (၉) ဦး ပေါင်း (၂၂) ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးမှု ကျား (၁၉) ဦး၊ မ (၁၇) ဦး ပေါင်း (၃၆) ဦး စုစုပေါင်း ကျား (၃၈) ဦး၊ မ (၄၂) ဦး စုစုပေါင်း (၈၀) ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)


