ကျိုက်လတ် နိုဝင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၃၁ ရက်က တောင်ဘို့ကြီးကျေးရွာ အုပ်စုတွင် ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ တောင်ဘို့ကြီးကျေးရွာရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား (၂၈)ဦး၊ အမျိုးသမီး (၂၁)ဦး စုစုပေါင်း (၄၉)ဦး၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၁၉)ဦး စုစုပေါင်း (၃၆)ဦး၊ (၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား (၂၁)ဦး၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၄၄)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးမှု အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၄)ဦး စုစုပေါင်း (၁၆)ဦး စုစုပေါင်း အမျိုးသား (၇၈)ဦး၊ အမျိုးသမီး (၆၇)ဦး စုစုပေါင်း (၁၄၅)ဦး ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ကျိုက်လတ်(ပြန်/ဆက်)