ကျိုက်လတ် စက်တင်ဘာ  ၆ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန်၊ ငါးပြုန်းတီးမှုလျော့ပါးစေရန် ဒေသနေပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးစားသုံးမှုမြင့်မားစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပွဲကို စက်တင်ဘာ ၆ ရက်က တပေတမော့ကျေးရွာအုပ်စုရှိ စပါးခင်းများတွင် ကျင်းပခဲ့သည်။ 

အဆိုပါ ငါးမျိုးများစိုက်ထည့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင် ဦးစိန်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ငါးခုံးမကောင်ရေ တစ်သိန်းငါးသောင်းကို စပါးခင်းများအတွင်းသို့  စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်