ကျိုက်လတ် နိုဝင်ဘာ ၁၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရှိ စုရပ်(၃)နေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် အဖွဲ့ဝင်များက ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာကြစေရန်၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဦးထုပ်ဆောင်း၍ မောင်းနှင်ရန်တို့ကို အသိပညာပေးပြောကြားပြီး ဆိုင်ကယ်ဦး‌ထုပ် မပါရှိသူများအား ဆိုင်ကယ်စီးဦးထုပ် (၁၅၀)လုံးအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ဌေးဌေးလှိုင်(ပြန်/ဆက်)