ကျိုက်လတ် ဇွန် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ အမှိုက်ခွဲခြားစွန့်ပစ်ပုံအား အသိပညာပေးခြင်းနှင့် သရုပ် ပြသခြင်းကို ဇွန် ၁၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းက အမှိုက်များကို ခွဲခြားစွန့်ပစ်ရန် လိုအပ်ကြောင်းနှင့် အမှိုက်အမျိုးအစားလေးမျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ် တတ်စေရေး သရုပ်ပြ ဆွေးနွေးဟောပြောကြသည်။ ဆက်လက်၍ အခြေခံပညာကျောင်းများ၊ မြို့မဈေးကြီးနှင့် ဌာနဆိုင်ရာ ရုံးများတွင်လည်း အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)