ကျိုက်လတ် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးမကောင်း၍ ဆေးရုံလာရောက်ပြသရာမှ RDT စက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ထိစပ်မိသူများ ဆက်လက်စစ်ဆေးခဲ့ရာ ဖေဖော်ဝါရီ ၇ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိကြောင်း သိရသည်။
ပိုးတွေ့လူနာများမှာ အောက်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ထိစပ်မိသူ အမျိုးသမီးလေးဦး၊ ဘိုတဲစုကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ထိစပ်မိသူ အမျိုးသမီးတစ်ဦး၊ တာပေါက်ကျေးရွာမှ အမျိုးသမီးနှစ်ဦး စုစုပေါင်းရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိကြောင်း သိရှိရသည်။
အဆိုပါပိုးတွေ့လူနာ (၈)ဦးကို ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ထားရှိ၍ ဆေးကုသပေးပြီး ပိုးတွေ့လူနာ (၁)ဦးကို မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ဌေဌေးလှိုင်၊ မြို့နယ်(ပြန်/ဆက်)


