ကျိုက်လတ် ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ယာယီတိုက်ပွဲရှောင် ကျောင်းသားများအား တာဝန်ရှိသူများက ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် တာဝန်ခံကျောင်းအုပ်ဆရာမကြီး နော်မီမီသန်းတို့က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ယာယီတိုက်ပွဲရှောင် ကျောင်းသား (၃)ဦးအား စာရေးကိရိယာများဖြစ်သည့် ဗလာစာအုပ် (၂)ဒါဇင်၊ ဘောပင်နှင့် ခဲတံများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)


