ကျိုက်လတ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၈နာရီက အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅၅)နှစ်အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား အထက(၁)တွင် ဦးရေ (၂၇၀)၊ အထက(၃)တွင်(၂၇၆)ဦး၊ လှိုင်းတာကျေးရွာတွင် (၁၂၅) ဦး၊ လေလံပင်-လမုလေးကျေးရွာတွင် ( ၁၄၉)ဦး၊ သပြေတန်းကျေးရွာတွင် (၁၁၀)ဦး၊ ဖောင်ရိုးဆိပ်ကျေးရွာတွင် ( ၈၅)ဦး၊ စုစုပေါင်း(၁၀၁၅)ဦးအား စုရပ်(၆)နေရာဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ် (ပြန်/ဆက်)