ကျိုက်လတ်  ၃၁   မေ   

      

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာရန် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ လူစည်ကားရာ လမ်းဆုံများတွင် စစ်ဆေးဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

 

ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့်ကာလအတွင်း ပြည်သူများ မဖြစ်မနေ မိမိနေအိမ်ပြင်ပ ထွက်ခွာပါက အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးထွက်ရန် မေလ (၂၁)ရက်နေ့မှစ၍ ယ‌ခုဝယ်ယခုတပ် စနစ်ကို စတင်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ် စည်းကမ်းအား လိုက်နာခြင်းမရှိပါက ယခုဝယ်ယခုတပ် စနစ်ဖြင့် နှာခေါင်းစည်း (Mask) (၃)ခုကို ငွေကျပ် (၃၀ဝ၀) ဖြင့် ဝယ်ယူတပ်ဆင်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နေအိမ်ပြင်ပ ထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရီရီမြင့် (ပြန်/ဆက်)