ကျိုက်လတ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ကညင်ချောင်းကျုံဖားကျေးရွာ အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေ၊ ဒု-လဝကမှူး ဦးမင်းလွင်ဦး၊ ထ/ထ လဝကမှူး ဦးပြည့်ဖြိုးပိုင်တို့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုက်လတ်မြို့နယ် ကညင်ချောင်းကျုံဖားကျေးရွာအုပ်စုမှ ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁၆)ဦး၊ မ(၂၄)ဦး ပေါင်း(၄၀)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၄၂)ဦး၊ မ(၄၅)ဦး ပေါင်း(၈၇)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် လဲလှယ်သည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၃၅)ဦး၊ မ(၃၀)ဦး ပေါင်း(၆၅)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး မိထ္ထူထုတ်ပေးမှု ကျား(၄၁)ဦး၊ မ(၃၁)ဦး စုစုပေါင်း(၇၂)ဦးတို့အား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)


