ကျိုက်လတ် ၂ မေ
ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက်က ဖျာပုံခရိုင်မှ ခရိုင်အဆင့်နှင့် ကျိုက်လတ်မြို့နယ်၊ မြို့နယ်အဆင့် Coronavirus Disease-2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခရိုင်အဆင့် ကော်မတီနာယက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားကာ ကော်မတီဉက္ကဋ္ဌမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ စစ်ဆေးရေးဂိတ်များတွင် တွေ့ကြုံရသည့် အကြောင်းအရာများအား တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အဆင့် Coronavirus Disease-2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနာယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေ မိသားစုက ကျိုက်လတ်မြို့နယ် Coronavirus Disease-2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)


