ကျိုက်မရော ၂၀ မေ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အခြေခံလူတန်းစားများ အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် မေ ၁၉ ရက်က မေသရဖူပရဟိတလုပ်ငန်းမှ အဝတ်နှာခေါင်းစည်းများကို စတင်ချုပ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဝတ်နှာခေါင်းစည်းများသည် နှစ်လွှာပါ ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်ပြီး ကလေး၊ လူကြီးမရွေး တပ်ဆင်အသုံးပြုနိုင်ရန် အရွယ်အစား ၄ မျိုးဖြင့် ချုပ်လုပ်နေပြီး အခြေခံလူတန်းစား များအတွက် အခု ၃၀၀၀ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မေသရဖူ ပရဟိတအဖွဲ့ခေါင်းဆာင် ဒေါ်မိုးမိုးစံက ပြောသည်။ ယခုအချိန်ထိ နှာခေါင်းစည်း အခု ၁၇၀၀ ကျော် ချုပ်လုပ်ပြီးစီးနေပြီး မေ ၂၂ ရက်နေ့တွင် အခုရေ ၃၀၀၀ ကို အပြီးသတ်ချုပ်လုပ်ပေးသွားမည်ဖြစ်ပြီး လူတိုင်း တပ်ဆင်နိုင်ရန် အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုချို (ပြန်/ဆက်)


