ကျိုက်မ​ရော ၁၆ ဇန်နဝါရီ   


မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် ​ရေပူ​ကော့စပ် ​ကျေးရွာ ရှိဒေါင်ဒင်အင်း ငါးဖမ်းပွဲ​တော်ကိုယ​နေ့ နံနက် ၈ နာရီမှစ၍ အဆိုပါအင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

 

 အဆိုပါ ငါဖမ်းပွဲ​တော် ကျင်းပပြုလုပ်မည့် သတင်းကို မီဒီယာများမှတစ်ဆင့် ​ကြေညာထားပြီးဖြစ်ရာ ယမန်​နေ့ည​နေပိုင်းမှ စတင်ကာငါးဖမ်း ဝါသနာပါသူများ ​​ဒေသခံများနှင့် ရပ်​ဝေးရပ်နီးမှ အ​ပျော်တမ်းငါးဖမ်းကြမည့် ဧည့်သည်များ ​တစ်​ပျော်တစ်ပါး လာ​ရောက်လျှက်ရှိ​နေ​ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

 

ဒေါင်ဒင်အင်း ငါးဖမ်းပွဲ​တော်ကြီးကို နှစ်စဉ်ပြာသိုလ​ရောက်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပ​လေ့ရှိ​ကြောင်း ငါးဖမ်း ဝါသနာပါသူများက နှစ်စဉ်မပျက်မကွက်လာ​ရောက် ငါးများ​ဖမ်းကြ​ပြီး ​ပျော်​ပျော်ပါးပါးချက်ပြုတ်စား​သောက်​လေ့ရှိကြ​ကြောင်း ​ဒေသခံများကလည်း ရင်းနှီး​နွေး​ထွေးစွာ ကြိုဆိုကြ​ကြောင်း သိရသည်။

 

အဆိုပါ ငါးဖမ်းပွဲ​တော်သို့​ လေ့လာရန်​ ရောက်ရှိ​နေသည့် ရန်ကုန်မြို့မှ ကိုဝင်းထွန်း က​ ပြောသည်။ အဆိုပါအင်းထဲတွင် ငါးကြီးများ မျိုးစုံရှိ​သည့်အပြင် ဖမ်းရလည်းလွယ်ကူသဖြင့်​ ​ ​ပျော်စရာအလွန်​ကောင်း​သောပွဲ​တော်ဖြစ်၍ ယခင်နှစ်များကထက် ပို၍စည်ကား​​နေ​ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်​ထွေး (ကျိုက်မ​ရော)