ကျိုက်မရော ၇ သြဂုတ်
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၁၄ ရက်အထိ ရက်ထပ်တိုး၍ ကြေညာပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိရေးအတွက် ပြည်သူများ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို လာရောက်ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အနေဖြင့် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိရာ သြဂုတ် ၆ ရက်နေ့ညနေပိုင်းထိ မဲစာရင်းတွင် မိမိအမည်မပါဝင်သဖြင့် ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၂၇၇ ဦး၊မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူ တစ်ဦး ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၇၃ ဦး၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသဖြင့် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၁၅၆ ဦး ရှိပြီး ကျိုက်မရောမြို့နယ်၌ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ စာရင်းမှာ ယနေ့အထိ (၁၇၁၉၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အိသဲလင်း ထံမှ သိရသည်။
ချိုချို (ပြန်/ဆက်)