ကျိုက်မရော  ၁၁ မေ    

 

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ကျွဲကောသီးနှင့်ကြက်မောက်သီး များ  အထွက်ကောင်းသော်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်တွင် အများပြည်သူ ခရီးသွားလာမှု နည်းပါးခြင်း၊ ကုန်စည်စီးဆင်းမှုလုံးဝမရှိခြငိး၊ ရပ်ဝေးခရီးသွားဧည့်သည် အဝင်အထွက် မရှိခြင်းတို့ကြောင့် အရောင်းအဝယ်ကျဆင်းကာ ဈေးကောင်းမရကြောင်း သိရသည်။

 

5169

 

ကျိုက်မရော မြို့နယ်သည် ကျွဲကောသီး၊ကြက်မောက်သီး စသည့်သီးနှံပင်များကို စီးပွားဖြစ် စိုက်ပျိုးလာခဲ့ရာ နှစ်စဉ်ဧပြီလကုန်ဆို ကျွဲကောသီးများ ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်၍  ဈေးကောင်းလည်းရကြောင်း နတ်စမ်းရွာ ကျွဲကောသီးဆို အဖြူသီးနှင့် ပန်းရောင်သီးနှစ်မျိုးလုံး အချိုစူး၍ အရသာ ကောင်းသဖြင့် လက်ဆောင်ပေးရန်အော်ဒါမှာသူ အလွန်များကြောင်း၊ ကြက်မောက်သီးများမှာလည်း အစေ့ကျွတ်မျိုး အဝါမျိုးနှင့် အနီမျိုး ဟူ၍ နှစ်မျိုးရှိရာ ကျိုက်မရော ကြက်မောက်ဆို နာမည်ကြီး၍ ဈေးမှာလည်း အလုံးတစ်ရာတစ်တွဲလျင် ယခင်နှစ်က ရှစ်ထောင်ကျပ်ထိ ရသော်လည်းယခုနှစ်တွင် အလုံးတစ်ရာကို (၄၀ဝ၀)ကျပ်ထိ ဈေးကျဆင်းသွား၍ ခြံရှင်များအနေဖြင့် အရောင်းအဝယ် ကျဆင်း၍ စီးပွားရေးအဆင်မပြေကြောင်း နတ်စမ်းကျေးရွာမှ ကြက်မောကိခြံရှင် ဒေါ်မြင့်မော်က ပြောသည်။

 

 ယခုအချိန်ထိ ခရီးသွားလာမှု ၊ကုန်စည်စီးဆင်းမှု ရပ်တန့်နေသဖြင့်အခြား ဒေသများသို့ တင်ပို့ ရောင်းချခြင်း မရှိ၍ အခက်ကြုံနေရကြောင်းကို ခြံရှင်များထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)