ကျိုက်မရော ၂၁ ဧပြီ
မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများပင်စင်ထုတ်ပေးရာတွင် အဆင်ပြေစေရန် စီ စဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဘဏ်ရုံး အဆောက်အဦးက ကျဉ်းလွန်း၍ ပင်စင်လာထုတ်သူ အငြိမ်းစားဝန်ထမ်းများအား ဘဏ်နှင့်ကပ်လျက် မြေကွက်လပ်တွင် အမိုးအကာများဖြင့် ထိုင်စောင့်စေပြီး ကျန်းမာရေးနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်မာမာခိုင်က ပြောသည်။

ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူလျက်ရှိသော လူဦးရေ ၇၀ဝ ကျော်ရှိရာ ယခင်လများတွင် ပင်စင်လစာထုတ်ပေးသည့် ပထမရက်တွင် လူဦးရေ ၂၀ဝ မှ ၃၀ဝ အတွင်း လာရောက် ထုတ်ယူလေ့ရှိပြီး ယခုကာလတွင် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသက်အရွယ် ကြီးရင့်နေသော ပင်စင်စားများအတွက် ငွေမထုတ်ပေးခင် လက်ဆေးဘေစဉ်၌ လက်သန့်ဆေးများဖြင့် စနစ်တကျ လက်ဆေးစေခြင်း၊ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်း စက်များဖြင့် အပူချိန်တိုင်းပေးခြင်း တစ်ဦးလျှင်သုံးပေအကွာ၌သာ စနစ်တကျတန်းစီ၍ ထုတ်ပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများကို ယနေ့ ဧပြီ ၂၁ ရက်နေ့မှစ၍ ဧပြီလကုန်အထိ နေ့စဉ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ပြန်/ဆက်)