ကျိုက်မရော ၁၃ မေ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီဥတုပူပြင်းခြောက် သွေ့မှုကြောင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ပိန်းနဲကုန်းကျေးရွာ၊ ခနောင်ကျေးရွာနှင့် ကလိုင်း ကနိုင် အပေါ်ရွာနှင့် ကရင်တောကျေးရွာများသို့ ယမန်နေ့ ညနေပိုင်းက သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ကျေးရွာများအနေနဲ့ လွန်ခဲတဲ့ တစ်လလောက်ထဲက သောက်သုံးရေတွေ ပြတ်လပ် နေတာပါ။ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရွာနဲ့တစ်ရွာ အသွားအလာ ခက်ခဲနေလို့ ရေလှူကားတွေပဲ မျှော်ပြီး စောင့်သုံးနေရတာပါ။ ရွာမှာအိမ်ထောင်စု ၂၀ဝ ကျော်ရှိပြီး လူဦးရေ ၆၀ဝ ကျော်ရှိပါတယ်။ ကန်ဇွန်းကုန်းဖက်ရပ်ကွက်တွေမှာ ရေတွင်းများ ရေလုံးဝခန်းနေပြီး သောကိရေရော သုံးရေပါ ပြတ်လပ်ပြီး မိသားစုတွေ အခက်အခဲကြုံတွေ့နေရပါတယ်” ဟု အပေါ်ရွာအုပ်ချုပ်ရေးမှူး ဦးချစ်အေးက ပြောသည်။
အဆိုပါ သောက်သုံးရေပြတ်လပ်မှုကို ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစောအောင်မြင့်ခိုင်နှင့် မြိူ့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ ဦးဆောင်ကာ ကျိုက်မရောမြို့ မီးသတ်တပ်ဖွဲ့ပိုင်မီးသတ်ကား ၂ စီး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှရေသည်ယာဉ် ၂ စီး စုစုပေါင်းရေသည်ယာဉ် (၄)စီးဖြင့် သောက်ရေဂါလန် ၆၀ဝ၀ ကျော်ကို အိမ်တိုင်ရာရောကိ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


