ကျိုက်မရော ၊ ၁၁ ဒီဇင်ဘာ
မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ကျွန်းရွာ ကျေးရွာ၌ နေထိုင်သူ ထိုင်းနိုင်ငံမှ ပြန်လာသူ အား ဘုရားသုံးဆူ ဂျပန်ရေတွင်းမှ ကြိုလာခဲ့သော ကားသမားနှင့် ကျွန်းရွာ ပရဟိတအဖွဲ့မှ ဆယ်မြို့နယ် အဆောင်သို့ ပို့ခဲ့သော ယာဉ်မောင်းသူ၏ နေအိမ် သုံးအိမ်အား ဒီဇင်ဘာ ၁၀ ရက်နေ့လယ်ပိုင်းက Strict Home Quarantine စတင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ Strict Home Quarantine ထားရှိသည့် ထိတွေ့မှုရှိသူတို့၏ နေအိမ်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများကအဆိုပါနေအိမ် သုံးအိမ်နှင့် မိသားစုများအား အသွားအလာ ကန့်သတ်ထားရှိ နေအိမ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ချိုချို (ပြန်/ ဆက်)


