ကျိုက်မရော ၈ ဇန်နဝါရီ   

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် စမ်းသပ်စိုက်ကွက်တွင် ဆောင်းရာသီ သီးနှံအဖြစ် အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက်၉ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးလှတင်မောင်နှင့်စိုက်ပျိုးရေးဝန်ထမ်းများနှင့် နတ်စမ်းကျေးရွာ တောင်သူများပူးပေါင်း၍ အစေ့ထုတ်ပြောင်းများစမ်းသပ်စိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ နတ်စမ်းကျေးရွာ စမ်းသပ်စိုက်ကွင်းတွင် ယခင်နှစ်က ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး အခြားဆောင်းသီးနှံဖြစ်သည့် မီးဖိုချောင်သုံး စားသုံးသီးနှံများဖြစ်သည့် ငရုတ်စပ်၊ မတ်ပဲ ပဲတောင့်ရှည် မြေပဲစသည့်သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

 

ဒေသခံပြည်သူများအနေဖြင့် အကုန်အကျသက်သာစေပြီး ဈေးနှုန်းချိုသာစွာစားသုံးနိုင်ကြသည့်အပြင် မိသားစုဝင်ငွေတိုးသည့် စိုက်ပျိုးရေးသီးနှံများကို လူတိုင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဌာနမှ ဒုဦးစီးမှူးထံမှသိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)