ကျိုက်မရော ၁၅ မတ် 

နိုင်ငံတစ်ဝန်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ  မတ် ၁၅ ရက်တွင် ရူပဗေဒ နှင့် သမိုင်းဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိသည်။

ကျိုက်မရောမြို့နယ်တွင် အ.ထ.က (ကျိုက်မရော) စာစစ်ဌာနတစ်ခုသာ ဖွင့်လှစ်ဖြေဆိုလျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် (၃၃၇)ဦး စာရင်းရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ(၃၄)ဦးရှိသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်း မှာ (၈၉.၉၁)ဖြစ်ကြောင်း သိရသည်။

စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်  ကင်းရှင်းစေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနော်ခမ်းဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)