ကျိုက်မရော ၂၁ စက်တင်ဘာ

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်း ပင်စင်စားများ၏ လစာငွေများကို ယနေ့နံနက် ၉ နာရီမှစ၍ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် တစ်ကြိမ်လျှင် (၁၀)ဦးစီသာ စနစ်တကျ တန်းစီပြီး ဘဏ်တွင်းသို့ဝင်ရောက်လျှင် လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ အပူချိန်တိုင်းကရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများကို ဘဏ်ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးသည်။ ပင်စင်လစာငွေများကို အသုတ်လိုက်ခွဲ၍ နေ့စဉ် ရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစားဝန်ထမ်းဦးရေ (၁၅၀)တို့အား ထုတ်ပေးခဲ့ပြီးဖြစ်သည်။

 

ကျိုက်မရောမြို့တွင် အငြိမ်းစား ပင်စင်စားဝန်ထမ်းဦးရေ (၇၀၀)ကျော်ခန့်ရှိပြီး စက်တင်ဘာ ၂၁ ရက်မှစတင်၍ ၃၀ ရက်အထိ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရှိရသည်။

 

ချိုချို(ပြန်/ဆက်)