ကျိုက်မရော  ၁၄  သြဂုတ်  

   
မွန်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ယနေ့ နံနက် ၉ နာရီက ကျိုက်မရောမြို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ကွပ်ကဲမှုရုံးသို့ ရောက်ရှိပြီး ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိမှုအခြေအနေ၊ အဝင်အထွက်စာရင်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် အနယ်နယ်အရပ်ရပ်မှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းလျက်ရှိသော စေတနာရှင်၊ အလှူရှင်များနှင့်ရ င်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက်ထုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)

 

1