ကျိုက်မရော ၁၉ သြဂုတ်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေပြန်လည်ကျဆင်းချိန်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံနှင့် ထရန်စဖော်မာ ၃ လုံး၊ ၂၈ ပေ ဖိုင်ဘာလှေ ၂ စီး၊ ၂၃ ပေဖိုင်ဘာ လှေ ၂ စီး၊ အသက်ကယ်အင်္ကျီ အထည် ( ၄၀) နှင့် သိန်း၇၀တန်ဖိုးရှိဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် လူ ၅၀ဝ စာဆေးကုသပေးခြင်းအတွက် ဆရာဝန် ၄ဦး၊ ကြက်ခြေနီ ၂၈ ဦးတို့နှင့်အတူ မြို့နယ်ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုမှ ရေဘေးသင့်ပြည်သူများအား အထွေထွေရောဂါ(၄၇)ဦးနှင့် ခြေထောက်ခွဲစိတ်လူနာတစ်ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ အလှူရှင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထရန်စဖော်မာ ပြင်ဆင်ထိန်းထိမ်းပေးခြင်းအတွက် ကုန်ကျစရိတ်များကိုပါ ထောက်ပံ့လှူဒါန်းပေးမည်ဖြစ်ပြီး စုစုပေါင်းအလှူငွေကျပ် ၇၁၁ )သိန်းကို လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


