ကျိုက်မရော ၁၇ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အသက်ကြီးဘိုးဘွားများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံ ဒေါ်အေးမြတ်မွန်က အသက်(၈၅) နှစ်အထက် ဘိုးဘွားများကိုယ်စား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ဘိုးဘွား(၅၉၂)ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၇၇၆၀ဝ၀ဝ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


