ကျိုက်မရော  ၁၈ စက်တင်ဘာ      


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော စာသင်ကျောင်းများအတွက် ကျောင်းသုံးပစ္စည်းများနှင့် ဆရာ ဆရာမများအတွက် ကျောင်းဝတ်စုံအစုံ ၁၀ဝ နှင့် ဗလာစာအုပ်များပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် အလှူရှင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ မေတ္တာဖြူပရဟိတအဖွဲ့မှ ဗလာစာအုပ်ဒါဇင် ၂၅၀ဝ၊ ဘောပင်ဒါဇင် ၁၃၅၀၊ ခဲတံဒါဇင် ၃၀၆၀၊ ဆရာမများအတွက် ဝတ်စုံ ၁၀ဝ ကို အထကကျောင်းမှ ကျောင်းသားများနှင့် ဆရာဆရာမများ တစ်ဦးချင်းထံ သွားရောက်လှူဒါန်းခဲ့ကြသည်။ 


ထိုသို့လှူဒါန်းရာတွင်အထက်တန်းကျောင်းသား တစ်ဦးလျှင် စာအုပ်တစ်ဒါဇင်ခွဲ၊ ဘောပင် ၁၀ ချောင်းနှင့် ဆရာ ဆရာမတစ်ဦးလျှင် ကျောင်းဝတ်စုံ တစ်စုံစီကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)