ကျိုက်မရော ၃၁ မေ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများ အဆင်ပြေစေရေးအတွက် ကျိုက်မရောမြို့နယ် အတွင်းရှိ ရပ်ကွက်(၃)ခုမှ အိမ်ထောင်စု(၇၅)စုအား အခြေခံ စားသောက်ကုန် ဆန်ဆီကြက်ဥများနှင့် နှာခေါင်းစည်းများကို ယနေ့နံနက် ၁၀နာရီက ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အခြေခံ စားသောက်ကုန်များ ထောက်ပံ့ရာတွင် စေတနာရှင် အလှူရှင်များဖြစိသည့် ကျိုက်မရော လူငယ်ပရဟိတများ၊ ဖြူစင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရာမညတိုင်းသတင်းအေဂျင်စီ၊ ရှဲဖီယာ ပရဟိတ လူငယ်များ စုပေါင်း၍ ထုံးဘိုရပ်ကွက်နှင့် လေသာကုန်း ရပ်ကွက်များရှိ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု ၇၅ စုအား တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်၊ ဆီတစ်ဘူး၊ ကြက်ဥ ၅ လုံးစီနှင့် နှာခေါင်းစည်း အခု ၁၅၀ ကို ပြည်သူများရှိရာအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)


