ကျိုက်မရော ၁၂ သြဂုတ်   

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးနစ်မြုပ်ခံနေရသော ကျေးရွာများနှင့်ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအတွက် ရန်ကုန်မြို့ မေခဆောင် ဖောင်ဒေးရှင်း မိသားစုအဖွဲ့များမှ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ ရေသန့်ဘူးများနှင့် ထောက်ပံ့ငွေများကို ကယ်ဆယ်ရေး စခန်းလေးခုနှင့် နိတုံကျေးရွာ လမုခိုကျေးရွာများသို့ စက်လှေများဖြင့် ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါမေခဖောင်ဒေးရှင်း မိသားစုအဖွဲ့များသည် ကျိုက်မရောမြို့နယ်အတွင်းရှိ အဆိုးရွားဆုံး ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများသို့လည်း  ထောက်ပံ့ရေးပစ္စည်းများကို သွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း မေခဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင်ဦးမြင့်နိုင်က ပြောကြားသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)