ကျိုက်မရောမြို့နယ်အတွင်းရှိရေဘေးသင့်အိမ်ထောင်စုများသို့မြို့နယ် ကြက် ခြေနီအသင်းခွဲမှအခြေခံစားသောက်ကုန်ဆန်အိတ် ၁၀၀ ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်

mdn

ကျိုက်မရော      သြဂုတ်   ၂

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင်ဇူလိုင်လတတိယအပတ်အတွင်းမိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှု ကြောင့် အတ္တရံမြစ်ရေ မြင့်တက်၍ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ရေများ ဝင်ရောက်နစ်မြုပ်ခဲ့သဖြင့် ရေဘေးသင့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အိတ်များကို မွန်ပြည်နယ်ကြက်ခြေနီရုံး၏ အစီအစဥ်ဖြင့်ထောက်ပံပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိယာယီရေဘေးရှောင်စခန်း၌ ပြုလုပ်ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်လှူဒါန်းရာတွင်မြို့နယ်ကြက်ခြေနှီအသင်းခွဲမှတပ်စုမှူးဦးမျိုးမင်းဦးကသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှူ ကော်မတီမှတာဝန်ရှိသူများထံသွားရောက်ထောက်ပံလှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။ယနေ့လှူဒါန်းခဲ့သောဆန်အိတ်တစ်ရာအား ရေကြီးနစ်မြှပ် မှု ဒဏ်ကိုယခုချိန်ထိ ခံစားနေရသောရေဘေးသင့်အိမ်ထောင်စု များအားထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုအကြိမ်ထောက်ပံပေးခြင်းသည် ဒုတိယအကြိမ်ထောက်ပံပေးခြင်းဖြစ်ကြောင်းမြို့နယ်ကြက်ခြေနီအသင်းတာဝန်ခံဦးမျိုးမင်းဦးထံမှသိရသည်။

ချို မြတ်မြတ်ထွေး    (ကျိုက်မရော)