ကျိုက်မရော မတ် ၃၀
ကျိုက်မရောမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲများ စတင်ဖြေဆိုခြင်းကို မတ် ၂၉ ရက်က ဆုတောင်းပြည့်ဘုရားကြီးရှိ ဒဏ္ခိဏရာမိက သာသနာဗိမာန်တော်ကြီး၌ ကျင်းပသည်။
ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် စာရင်းရှိသံဃာ ၂၁၃ ပါးရှိပြီး ပထမကြီးတန်း တစ်ပါး၊ ပထမလတ်တန်း ၂၂ ပါး၊ ပထမငယ် တန်း ၄၉ ပါး၊ အခြေပြုမူလတန်း ၁၀၅ ပါး စုစုပေါင်း ၁၇၇ ပါးရှိပြီး ပျက်ကွက် သံဃာ ၃၆ ပါးရှိကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရာ မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် လက်ပံရွာသစ် ကျောင်းတိုက်မှ ဆရာတော်ကြီးနှင့်အဖွဲ့ဝင် ဆရာတော်များက ကြီးကြပ်တော်မူကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စာဖြေသံဃာတော်များအား နေ့စဉ် နေ့ဆွမ်း၊ အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


