ကျိုက်မရော နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အထကကျိုက်မရော ပညာ့အားမာန်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားမှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၄၁) ကျောင်းမှ ကျောင်းအုပ်ကြီး(၁၄၁) တို့က စီမံ၊ဘဏ္ဍာ ပညာရပ် နှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို အပြန်အလှန် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေး ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)