ကျိုက်မရော မတ် ၃၁

 

ကျိုက်မရောမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုစျေးကွက် မဖြစ်ပေါ်စေရေးနှင့် QR Code ဖြင့် စက်သုံးဆီရောင်းချနေမှုကို မတ် ၃၀ ရက်က မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစွမ်းရည်ထက် ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဘိန်းဗျောကျေးရွာအုပ်စုရှိ Point 2 စက်သုံးဆီဆိုင်နှင့် ရေတွင်းကုန်းရှိ Ever Top စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့ရာ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်၊ တရားမဝင်ရောင်းချမှုများ မဖြစ်ပေါ်စေရန်၊ သတ်မှတ် ထားသည့် ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချရန်၊ မော်တော်ယာဥ် မော်တော်ဆိုင်ကယ်များအား QR Code စနစ်ဖြင့် စက်သုံးဆီရောင်းချမှုရှိစေရန်နှင့် စက်သုံးဆီဆိုင်များအား ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်း ချပေးသွားရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)