ကျိုက်မရောမြို့နယ်၌  ကိုဗစ် - ၁၉  ရောဂါ ကြိုတင်ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အလှူငွေလှူဒါန်း

ကျိုက်မရော  ၁   ဧပြီ     

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် အတွက် မြို့နယ်ပညာရေးဝန်ထမ်းများမှ အလှူငွေ ၁၇ သိန်း၃သောင်း လှူဒါန်းပွဲကိုယမန်နေ့ ညနေ၄နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

လှူဒါန်းပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးနှင့် ပညာရေးဝန်ထမ်းမိသားစုများက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေကျပ် (၁၇၃၀ဝ၀ဝ) ကို ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)