ကျိုက်မရော ၆ သြဂုတ်


မော်လမြိုင်ခရိုင် ကျိုက်မရောမြိူ့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ ငပြေမကျေးရွာနှငိ့ ဦးလေးကျေးရွာတို့တွင် ရေများနစ်မြုပ်ဝင်ရောက်လျှက်ရှိပြီး အထက ငပြေမ အထက်တန်းကျောင်းကို ယနေ့နံနက်ပိုင်းမှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။


ငပြေမကျေးရွာရှိ အိမ်ထောင်စု ၂၅၀၊ အိမ်ခြေ ၂၄၅ လုံးခန့် ရေနစ်မြုပ်ခဲ့သဖြင့် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။


ယနေ့  မွန်းလွဲ ၁ နာရီတွင် ကျိူက်မရောမြိူ့နယ် ရသေ့ကျောင်းတိုက်၌ ယာယီကယ်ဆယ်စခန်းတစ်ခုဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၂၀ လာရောက်ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။ အဆိုပါယာယီကယ်ဆယ်ရေးစခန်းသို့ ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခြင်း ရေသန့်ဗူးနှင့်မုန်များ လာရောက်လှူဒါန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
                  

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)