ကျိုက်မရော အောက်တိုဘာ ၁
ကျိုက်မရောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်း ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မြို့နယ်ဦးစီးမှုးရုံး၌ နေ့ချင်းပြီး (One Stop Services) ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် မြို့နယ်ဦးစီးမှူးရုံး၌ အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်သူ ခုနစ်ဦး၊ နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်သူ ခြောက်ဦး၊ မိတ္တူပြုလုပ်သူ ၁၀ ဦး စုစုပေါင်း ၂၃ ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လုံးဝမရှိကြသေးသူများကိုလည်း ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)