ကျိုက်မရော၊ ၁၄ ဇွန်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ငပြေမကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငွေသောင်းနှင့် ဝန်ထမ်းများက ကျေးရွာရှိအသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်း၊ ပျောက်ဆုံး ပျက်စီးသူများအား အသစ်ပြုလုပ် လဲလှယ်ပေးခြင်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်ငပြေမကျေးရွာရှိ အသက်၁၈နှစ်ပြည်ပြီးသူ ကျား ၃၉ ဦး၊ မ ၄၁ ဦး စုစုပေါင်း ၈၀ တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ကတ်ပြားပျောက်/ပျက်စီးသူများ အား အသစ်ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)


