ကျိုက်မရော ၁၅ စက်တင်ဘာ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သောလယ်မြေများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး အရန်ပျိုးခင်းများ ပျိုးထောင်ထားရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း သြဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အတ္တရံမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သဖြင့် မိုးစပါးစိုက်ဧကပေါင်း (၂၀ဝ၀ဝ)ကျော် ရေလွှမ်းမိုးပျက်စီးခဲ့ရသည်။
ယခုအခါ ရေနစ်မြုပ်ခဲ့သော လယ်မြေများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ရာ မိုးစပါးများ အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ နှံကောက်စပါးမျိုးများကို (SRI) ပျိုးထောင်စနစ်ဖြင့် နတ်စမ်းကျေးရွာရှိ သုတေသနပျိုးခင်းတွင် အရန်ပျိုးခင်းများ ပျိုးထောင်ထားရှိပြီး တောင်သူများထံ အချိန်မီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


