ကျိုက်မရော ၂၉ အောက်တိုဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးအမျိုးသမီးများသည် ဒီမိုကရေစီ နည်းကျ ပြည်သူတစ်ယောက်၏ တာဝန်နှင့်အခန်းကဏ္ဏများကို သိရှိပြီး ရပ်ရွာကိစ္စများတွင် ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်စေရန် အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းကို ယမန်နေ့နံနက်၉နာရီက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး (UNDP )မှ ကျိုက်မရော မြို့နယ်တာဝန်ခံမှ ဒေသန္တရအုပ်ချုပ်မူစနစ်တွင် အမျိုးသမီးဆယ်အိမ်မှူး ရာအိမ်မှူးများ အနေဖြင့် မိမိနှင့်ပြည်သူများ၏ ပါဝင်မူကို မြှင့်တင်လာနိုင်စေရန် ဆယ်အိမ်မှူး ရာအိမ်မှူး အမျိုးသမီးများ အနေဖြင့် မိမိနှင့် ပြည်သူလူထု၏ ပါဝင်မူ့ကို မြှင့်တင်ရန် လိုအပ်သော နည်းလမ်းများနှင့် စွမ်းရည်များ ရရှိလာစေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သင်တန်းသူများ၏သိရှိလိုသောမေးခွန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေကြားပေးပြီး အုပ်စုလိုက် အဖွဲ့များခွဲကာ ဒီမိုကရေစီစနစ်နှင့် ပြည်သူများ၏ အခန်းကဏ္ဏကို ဆွေးနွေးခဲ့ကြသည် အဆိုပါ သင်တန်းကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်နေ့ထိ ( ၂ )ရက် ကျင်းပသွားမည်ဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၈၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )


