ကျိုက်မရော  ၁၆   ဇန်နဝါရီ   

 

မော်လမြိုင်ခရိုင် ကျိုက်မရော မြိုနယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ နတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

8965

 

 ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာရပ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ အခြေခံပညာ အထက်တန်း/အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် စာကြည့်တိုက် တာဝန်ခံဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ မိမိတို့ ကျောင်းစာကြည့်တိုက်များ၏ အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

 

8520963.

 

ထို့နောက် စာကြည့်တိုက်ပညာရပ်များ၊စာကြည့်တိုက်အမျိုးအစားများ ၊ စာအုပ်စာရင်းသွင်းခြင်း စာဖတ်စာငှားဆိုင်ရာများနှင့် ရည်ညွန်းဆယ်မျိုးအကြောင်းကို စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးအေးမော်က ရှင်းလင်းဆွေးနွေး ပြသပေးခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာသူများ၏ သိရှိလိုသောမေးခွန်းများကို မြို့နယ်ဦးစီးမှူးက ရှင်းလင်း ဖြေကြားကာ ဆရာမများအား စာကြည့်တိုက်ပညာ  ရပ်များကို တစ်ဦးချင်း လက်တွေ့သင်ကြား ပြသဆွေးနွေးခဲ့ကြပြီး သင်တန်းသူအချင်းချင်း အပြန်အလှန်ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)