mdn

ကျိုက်မရော      သြဂုတ်  ၅

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လက်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့် ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဥ်ဖြင့်ကာကွယ်ဆေးထိုးနှံရမည့်ပြည်သူများအနေဖြင့်ကာကွယ်ဆေးထိုးရန်သတ်မှတ်ထားသည့် စုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအား မြို့ပေါ်ရပ်ကွက်(၄)ခု နှင့်လူစည်ကားရာနေရာများဖြစ်သည့်လမ်းဆုံလမ်းခွများနှင့်လှေဆိပ်များတွင်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှည့်လည်ပညာပေးရာတွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ရာတွင် လိုက်နာရမည့်အချက်များနှင့် ကာကွယ်ဆေး ထိုးနှံရန် သတ်မှတ်ထားသည့်ဦးတည် အုပ်စုများ၊ကာကွယ်ဆေးထိုးနှံရန်သတ်မှတ်ထားသည့်စုရပ်(၅)နေရာအားကာကွယ်ဆေးထိုးနှံမည့်ပြည်သူများသိရှိစေရန်အသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။

 


အဆိုပါအသိပညာပေးလှည့်လည်နှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရန်နိုင်ထွန်း၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးဝန်ထမ်းများမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါအသိပေးနှိုးဆော်ခြင်းများကိုနေ့စဥ်တစ်နေ့သုံးကြိမ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ချို မြတ်မြတ်ထွေး  (ပြန်/ဆက်)