mdn


ကျိုက်မရော        ဇူလိုင်     ၂၆

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ဇူလိုင်လဒုတိယအပတ်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်း၍ အတ္တရံမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပုရပ်ကွက် (၁၊ ၂၊ ၃) ရှိအိမ်များနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ နေအိမ်များအတွင်းသို့ မြစ်ရေများဝင်ရောက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ရှင်စောပုရပိကွက်တွင် အိမ်ခြေ(၁၂၅၀) ရှိရာ ယမန်နေ့ညနေပိုင်းမှစ၍ အိမ်ခြေ( ၄၅၀)အထိမြစ်ရေများဝင်ရောက်နှစ်မြှပ်နေသဖြင့် အသက်ကြီးအဘိုးအဘွားများ၊ ကလေးငယ်များနှင့်တိရစ္ဆာန်များအား ကုန်း မြင့်ရာနေရာများသို့သက်ဆိုင်ရာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးကြိုတင်ကာကွယ်ရေးအတွက်ထားရှိမည့်နေရာများသို့ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ် သည်းထန်စွာဆက်လက်ရွာသွန်းလျက်ရှိသဖြင့် ပြည်သူများအနေဖြင့်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာကြပြီး စိုးရိမ်မှုမလွန်ကဲကြစေရန်အတွက်အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများတွင်အသိပေး၊ သတိပေးခြင်းများ၊ ပညာပေးခြင်းများကိုနေ့စဥ်အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး   (ပြန်/ဆက်)