ကျိုက်မရော ၁၇ ဇန်နဝါရီ
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နှင့်အလှမ်းဝေးသော အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ကျောင်းသူ ကျောင်းသားလေးများ၏ ဉာဏ်ရည်ဖွံဖြိုး တိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ရာ ယနေ့နံနက် ၁၀ နာရီက မယ်ကရိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်း ပညာပေး ဟောပြောပြီး စာဖတ်ဝိုင်းများ ပြုလုပ်ကာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပေးခြင်း၊ ရွှေသွေးစာအုပ် ပုံပြင်စာအုပ်များကို ဖတ်ခိုင်းပြီး ဖတ်မှတ်ပြန်ပြောအစီစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆုရရှိသည့်ကလေးငယ်များအား ဆုများချီးမြှင့်ပေးခဲ့ကာ မယ်ကရိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လူကုန်ကူးမူ တားဆီးရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)