ကျိုက်မရော  ၁၉   ဖေဖော်ဝါရီ   

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်ကအဖွငိ့အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မြင့်က (၂၀၂၀- ၂၀၂၁)ခုနှစ်အတွင်း UNDP  နှင့်ပူးပေါင်းဆောင်ရွက် ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကိုရှင်းလင်းဆွေးနွေးသည်။

 

 ဆက်လက်၍ မွန်ပြည်နယ် UNDP တာဝန်ခံ ဦးဖြိုးအောင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေ အကြောင်းနှင့် UNDP ၏  ကျေးလက်ဒေသဖွံ့ဖြိုးမှု့အတွက် ပံ့ပိုးမှုများ၊ နိုင်ငံသားများအတွက် ဘတ်ဂျက်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြို့နယ်ဖွံ့ဖြိုးရေးဆိုင်ရာအဓိကကဏ္ဏ များ နှငိ့လက်ရှိ အခြေအနေများ (၂၀၂၀- ၂၀၂၁)ခုနှစ်အတွင်း မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်းပုံနှင့် တာဝန်များ ၊စီမံကိန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရေး၊ ဆုံးရှုံးနိုင်ခြေများစသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို တက်ရောက် သူများက အုပ်စုဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။

 

ယနေ့ပြုလုပ်သော ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ကျေးရွာ ၄၇ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တိုင်းရင်းသားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်  အမျိုးသမီးဆယ်အိမ်စုမှူးများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၉ မှ ၂၀ ရက်နေ့အထိ ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)