ကျိုက်မရော စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့​နယ်တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါးပျက်စီးဧက ၄၄၁၈ ဧကအပေါ် ပြန်လည်စိုက်ပျိူးမည့် တောင်သူများအား မျိုးစပါးများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးကျော်က မိုးစပါးပျက်စီးဧကများအပေါ် မျိုးစပါးများ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ကျိုက်မရောမြို့နယ် မိုးစပါးပျက်စီးဧက ၅၅၇၁ ဧကအပေါ် ပြန်လည်စိုက်ပျိူးနိုင်မည့် ၄၄၁၈ ဧကအတွက် တောင်သူ ၄၀ တို့အား တစ်ဧက ၁ တင်းနှုန်းဖြင့် မျိုးစပါးအိတ်များကို ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)