ကျိုက်မရော   အောက်တိုဘာ   ၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက အထက ကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ပြုလုပ်ရာ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကီးကွီးရှိန်က “ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူ များ၏ ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ စာတိုင် ၂၃ တိုင်၌ ဖြည့်သွင်းရေး၊ တစ်နေ့လျှင် စုရပ်တစ်ခု၌ ကျောင်းသား ကျောင်းသူ ၃၀၀ ထိုးနှံပေးသွားမည်ဖြစ်ပြီး အထက ကျိုက်မရော၊ အထက တောင်ကလေး၊ အထက တရနာကျောင်းတို့တွင် ကျောင်း ၇၂ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၈၁၃၅ ဦးအား အောက်တိုဘာ ၁၀ ရက်မှ ၂၀ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)