ကျိုက်မရော ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာတွင် ဆောင်းရာသီ သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရသဖြင့် သီးနှံစိုက်တောင်သူများ မိသားစု အပိုဝင်ငွေများ ရရှိလျက်ရှိသည်။
ဆောင်းရာသီ သီးနှံများထဲတွင် အဓိကစိုက်ပျိုးကြသည့် သီးနှံအများစုမှာ ငရုတ်သီးစိမ်း၊ ခရမ်းသီး၊ပန်းဂေါ်ဖီထုပ်၊ မုန်ညင်းရွက်ပင်များ ဖြစ်ကြပြီး အဆိုပါ သီးနှံများထဲမှ ဒီဇင်ဘာလအတွင်း ရာသီဥတု အေးချိန်တွင် ပန်းဂေါ်ဖီထုပ်(ပန်းပွင့်)များကို အများဆုံးစိုက်ပျိုးကြသည်။ ပန်းပွင့်ပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျား စျေးကောင်းရနေပြီး ပန်းဂေါ်ဖီထုပ် အပွင့်ကြီးတစ်ပွင့်လျှင် အကြီးအသေးခွဲ၍ အပွင့်ကြီး တစ်ပွင့်လျှင် ၁၃၀၀ ကျပ်၊ အသေး တစ်ပွင့်လျှင် ၈၀၀ မှ ၁၀၀၀ ကျပ်အထိ စျေးရ၍ စိုက်ပျိုးသူ တောင်သူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


