ကျိုက်မရော ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာရှိ ကျေးလက်နေ တောင်သူလယ်သမား အများစုမှာ မိုးပါးများ ရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်စက်များဖြင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများ ခြွေလှေ့ရာတွင်လည်း ခေတ်မီစပါးခြွေလှေ့စက်များကို အသုံးပြုကာ အဆင်ပြေလျက်ရှိသည်။
အဆိုပါ ခြွေလှေ့စက်ကို တစ်နာရီလျှင် ဝန်ဆောင်ခအဖြစ် ကျပ် ငါးသောင်းမှ ခြောက်သောင်းအထိ ပေးရပြီး တစ်နာရီခြွေလှေ့ရာတွင် စပါးအထွက်နှုန်း အသီးအနှံအပေါ်မူတည်၍ တင်း ၃၀ မှ တင်း ၄၀ အထိရကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


